Who want to join with me.Relaxing, Snorkeling, Swimming.
Mergui Archipelago



Who want to join with me.Relaxing, Snorkeling, Swimming.
Mergui Archipelago



Go through your best times by traveling.If u want to relax,snorkeling and swimming , you can do.

You are feeling natural beauty on this island.

Spending your time on this island.
#girltraveller
#mergui archipelago
မြိတ်မြို့(မာရိတ်)
ရှေ့မှတ်တမ်းများ၏ အဆိုအရ တနင်္သာရီမြို့ကို ယိုးဒယားတို့တည်ပြီး နှစ်ပေါင်း (၂၅၄) နှစ်အကြာ သက္ကရာဇာ် (၈၃၇) ခုနှစ် (အေဒီ – ၁၅၃၁) မင်းတရားရွှေထီးလက်ထက်တွင် ယိုးဒယားပြည် ဆင်ကစ်သန်း ရှင်၏ သားတော်သည် လင်းဇင်းမင်းထံမှ တိုက်ခိုက်သိမ်းပိုက်၍ မင်းလုပ်ခဲ့သည်။ ထိုအချိန်က တနင်္သာရီမြို့၏ သငေ်္ဘာဆိပ်ဖြစ်သော ဆင်တုတ်(ခေါ်) သန်းဒုတ်သည် သောင်ထွန်း၍ သငေ်္ဘာအဝင်အထွက် ခက်ခဲလာသဖြင့် ယိုးဒယားဘုရင်သည် သက္ကရာဇ် ၁၀၉၃ ခုနှစ်တွင် သငေ်္ဘာဆိပ်ကို ခယ်တောင်(သိမ်တော်ကြီးကုန်း/မြိတ်) သို့ရွေ့ပြောင်းတည်သည်။ ခယ်တောင်ကို ယိုးဒယားဘာသာ မာရိတ်တောင်ဟုခေါ်သည်။ ယိုးဒယားအခေါ်မာရိတ် မှ မြိတ် ဖြစ်လာသည်ဟုဆို သည်။ မာဆိုသည်ကား မြင်း၊ ရိတ် ဆိုသည်ကား ခယ်တိုင် ကိုခေါ်သည်။ နှစ်မည် ပေါင်းသော် မြင်းခယ်တိုင်(မြင်းချည်တိုင်) ဟု ရှမ်း(ယိုးဒယား)အခေါ်ဖြစ်သည်။ ကာလရွေ့လျားသဖြင့် မာရိတ်မြို့ကို မြန်မာအခေါ်နှင့် မြိတ်မြို့ ဟုခေါ်တွင်ကြလေသည်။
တနင်္သာရီ နောက်ခံသမိုင်းစာအုပ်မှကူးယူဖော်ပြထားပါသည်။


Thanks for joining me!
Good company in a journey makes the way seem shorter. — Izaak Walton
